ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ

စွမ်းအင်ဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံးသတင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ၊ လှော်ကားပင်မဓာတ်အားခွဲရုံ နှင့်အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ)တို့အား ကြည့်ရှုစစ်ဆေးသည့်သတင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားသဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ လှော်ကားပင်မဓာတ်အားခွဲရုံနှင့် မှော်ဘီမြို့နယ်ရှိ အမှတ်(၄)ဓာတ် မြေဩဇာစက်ရုံ (မြောင်းတကာ)တို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ လှော်ကားသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ စက်ရုံ အစည်းအဝေးခန်းမတွင် စက်ရုံမှူးနှင့် တာဝန်ရှိသူတို့က ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေးစက်များ ပြုပြင်မွမ်းမံပြီး တိုးချဲ့ မောင်းနှင်ခဲ့မှု အခြေအနေ၊ ဓာတ်ငွေ့ရရှိသုံး စွဲမှုအခြေအနေနှင့် စက်များ၏ ပြုပြင်ဆောင်ရွက်မည့် အခြေအနေတို့အား ရှင်းလင်း တင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားပေးစက်ရုံ ရေရှည် တည်တံ့ခိုင်မြဲရေး၊ ဓာတ်အားပေးစက်များ အဆင့်မြှင့်တင်၍ ရန်ကုန်တိုင်းဒေသကြီးအတွက် လိုအပ်သောလျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေး စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပေးစက်ရုံနှင့် အနီး ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရေးတို့အား အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားပေးစက်ရုံအတွင်း လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေမှုအခြေအနေနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှော်ကားပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံ ဆိုင်ရာအချက်အလက်များ၊ ဓာတ်အား လက်ခံပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ထရန်စဖော်မာတိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အန္တရာယ်ကင်းရှင်းစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အားပြည့်ပြည့်ဝဝဖြင့် ပြည်သူလူထုအသုံးပြုနိုင်ရေး၊ ဓာတ်အားခွဲရုံ သုံးလျှပ်စစ်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရေး၊ ထရန်စဖော်မာတိုးချဲ့တပ်ဆင်တည်ဆောက် ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးရေးတို့အား အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံအတွင်းရှိ ဓာတ်အား ထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ထရန်စဖော်မာ များ၊ ဓာတ်အားလိုင်းများ ချိတ်ဆက်ဖြန့်ဖြူးပေးထားမှု အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၊ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)သို့ရောက်ရှိပြီး စက်ရုံ ရှင်းလင်းခန်းမဆောင်၌ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့က စက်ရုံသမိုင်းကြောင်း၊ ဝန်ထမ်းအင်အား အခြေအနေ၊ ယူရီးယားဓာတ်မြေ ဩဇာထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် ကုန်ထုတ်လုပ်မှု အခြေအနေ၊ စက်ရုံအမြန် ပြန်လည် လည်ပတ်နိုင်ရေး ပြုပြင်မွမ်းမံ ကြိုးပမ်းဆောင်ရွက် နေမှုအခြေအနေတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ စိုက်ပျိုး ရာသီရောက်ရှိလာပြီ ဖြစ်သောကြောင့် ဓာတ်မြေသြဇာများ ဖြည့်ဆည်းနိုင်ရေးအရည်အသွေး ပြည့်၀သည့် ဓာတ်မြေသြဇာများ စဉ်ဆက်မပြတ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ၀န်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာ တွင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန် လိုအပ်ကြောင်း၊ လုပ်ငန်းသုံး စက်ပစ္စည်းများ ကြံ့ခိုင်မှုရှိစေရေး၊ ထုတ်ကုန်များအရည်အသွေးပြည့်မီစေရေး၊ စီးပွားရေးအရ တွက်ခြေကိုက်ပြီးအောင်မြင်သည့် စက်ရုံတစ်ရုံဖြစ်စေရေး၊ စက်စွမ်း အားပြည့် လည်ပတ် ထုတ်လုပ်နိုင်ရေးအတွက် စက်များကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်သွား ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စက်ရုံ၏ လုံခြုံရေးတို့ကို စနစ်တကျ စီမံ ချက်ချမှတ်ဆောင်ရွက်ရေးနှင့် စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေး တာဝန်ရှိသူအဆင့်ဆင့်မှ ဝိုင်း၀န်းကြပ်မတ် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း မှာကြားပြီး စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းများ မွမ်းမံပြင်ဆင်နေမှုအခြေအနေများနှင့် ဓာတ်ခွဲခန်း ၊ ပင်မထိန်းချုပ်ခန်းတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ စွမ်းအင်၀န်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)နှင့် အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်) တို့အား ၁၃.၇.၂၀၂၂ ရက်နေ့ မှ စတင်လည်ပတ်ပြီး နေ့စဉ် ယူရီးယားဓာတ်မြေသြဇာ တန်(၃၀၀)ခန့်စီ ထုတ်လုပ်ကာ စိုက်ပျိုးရာသီအမီ တောင်သူလယ်သမားများ လက်ဝယ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရ ဌာနသတင်းများ