ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ

စွမ်းအင်ဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံးသတင်း

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး ထောက်ရှာပင်-ကမ်းနီရေနံမြေတို့အား ကြည့်ရှုစစ်ဆေးသည့်သတင်း

စွမ်းအင်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန် မကွေးတိုင်းဒေသကြီးသို့ရောက်ရှိနေသော စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ အကြီးအကဲများ၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် မကွေး တိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မန်းရေနံမြေရှိ ရေနံမြေဧည့်ရိပ်သာ၌ ညှိနှိုင်းအစည်းအဝေးခန်းမ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စွမ်းအင်ကဏ္ဍဆိုင်ရာများနှင့် လုံခြုံ ရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိ ထောက်ရှာပင်-ကမ်းနီရေနံမြေ တွင်းအမှတ် ၃၁၃ သို့ ရောက်ရှိကြပြီး တွင်းတူးဖော်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ရာ ရေနံမြေ အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများမှ နေရှင်နယ် ၅၅ / ၈ တွင်းတူးစက်ဖြင့် ရည်မှန်းအနက်ပေ ၃၆၀၀ သို့ ရောက်ရှိအောင် တူးဖော်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြပြီး ဦးဆောင်ညွှန်ကြားရေးမှူးဦးအောင်မင်းမှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌမှ လမ်းညွှန်ချက်အရ ရေနံနှင့်ရေနံထွက်ပစ္စည်းများ ပြည်ပမှတင်သွင်းမှုလျှော့ချနိုင်ရေးနှင့် ပြည်တွင်းထုတ်လုပ်မှုတိုးတက်ရေးစီမံချက်နှင့်အညီ ရေနံမြေများမှ ရေနံ တိုးတက်ထုတ်လုပ်နိုင် ရေးသည် မိမိတို့ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန် ဖြစ်ပါကြောင်း၊ ရေနံမြေများအနေဖြင့် နိုင်ငံတော်၏ လျှပ်စစ်နှင့်စက်မှုကဏ္ဍဖွံ့ဖြိုးရေးတို့အတွက် လိုအပ်သော ရေနံနှင့်သဘာဝဓာတ်ငွေ့ များပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေတူးဖော်ထုတ်လုပ်သွားရန် ဖြစ်ကြောင်း၊ ရေနံမြေများသည် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များကို ကိုင်တွယ်လုပ်ကိုင်နေရ ခြင်းကြောင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေး အထူးဂရုပြုဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်း ခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများနှင့် ရေနံမြေလုံခြုံရေးကို အထူးအလေးထားဆောင်ရွက်သွားရန်လိုပါကြောင်း လမ်းညွှန်မှာကြားခဲ့ ပြီး ပြည်ထောင်စုဝန်ကြီးမှ ရေနံမြေဝန်ထမ်းများအား အမှတ်တရသစ်သီးခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ အဆိုပါ ထောက်ရှာပင်-ကန်းနီရေနံမြေရှိ တွင်းအမှတ် ၃၁၃ မှ သဘာဝဓာတ်ငွေ့ တစ် ရက်လျှင် ၁.၅ သန်းခန့်ထွက်ရှိနိုင်မည်ဖြစ်ပြီး ထွက်ရှိလာမည့်သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသည့် စက်မှုလုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများအား အကျိုးရှိထိရောက်စွာအသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။



နောက်ဆုံးရ ဌာနသတင်းများ