ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ

စွမ်းအင်ဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံးသတင်း

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး မကွေးတိုင်းဒေသကြီး၊ချောက်/လမ်းရွာရေနံမြေရှိ လုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးသည့်သတင်း

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ဝန်ကြီးဌာနကြီးကြပ်မှု အောက်ရှိ ဌာန/လုပ်ငန်းများမှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ချောက်/လမ်းရွာရေနံမြေရှိ စွမ်းအင်ဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန့်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ချောက်/ လမ်းရွာရေနံမြေ၊ ဖိုကုန်းဒေသတွင် ZJ 70L SR 1 တွင်းတူးစက်ဖြင့် တွင်းအမှတ် CDT-15 တူးဖော်နေမှုအခြေအနေအားသွားရောက်ကြည့်ရှုစစ်ဆေးရာ ယာယီရှင်းလင်းဆောင်၌ ချောက်/ လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာက ချောက်/လမ်းရွာရေနံမြေ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်နေမှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့အထွက်တိုးရေးအတွက် ဆက်လက်လုပ်ဆောင် မည့်လုပ်ငန်းအစီအမံများ၊ လက်ရှိတူးဖော်နေသည့် CDT-15 ၏ ဘူမိဗေဒဆိုင်ရာအချက်အလက် များနှင့် တူးဖော်ခြင်းလုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့် စွက်ဆွေးနွေးတင်ပြခဲ့ပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သဘာဝ ဓာတ်ငွေ့ခန့်မှန်းထွက်ရှိနိုင်မည့်အခြေအနေနှင့် သုံးစွဲမည့်အခြေအနေတို့အား ကြိုတင်စဉ်းစား တွက်ချက်ထားရန်လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ထုတ်လုပ်ရေးတွင်းများ ဆက်လက်တူးဖော်နိုင်ရေး စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများအားအမှတ်တရသစ်သီးခြင်းပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချောက်/လမ်းရွာရေနံမြေ၊ အမှတ်(၁) ရေနံ လက်ခံ သံကန်တန်းဧရိယာရှိရေနံတွင်းများမှ ရေနံစိမ်းထုတ်လုပ်နေမှု၊ လက်ခံသံကန်တန်းများသို့ ပို့လွှတ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့များ ယခုထက်ပိုမို တိုးတက်ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ရေနံမြေလုံခြုံရေးအထူးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ပင်မစက်မှုလက်မှုအလုပ်ရုံ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကျောင်းသို့ရောက်ရှိပြီး ရေနံတွင်း တူးစက်နှင့် ဆက်စပ်ပစ္စည်းများ ပြုပြင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကုတင် ၁၅၀ ဆံ့ရေနံဆေးရုံရှိ ပြည်သူများနှင့် ဝန်ထမ်းများ တက်ရောက်ဆေးကုသနေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေနံဆေးရုံဆရာဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သော ပေါင်းစပ် ညှိနှိုင်းမှုများ ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားပြီး ဆေးရုံအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရ ဌာနသတင်းများ